Offgrid Solar System
Offgrid Solar စနစ်မှာဆိုရင် Solar နဲ့ ဘက်ထရီကနေ လျှပ်စစ်အားထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ EPC ဓါတ်အားလိုင်း ပြတ်တောက်တဲ့ အချိန်မှာသာ အဓိက အလုပ်လုပ်သွားမှာ ဖြစ်လို့ မီးခဏခဏ ပျက်တဲ့ ဒီကာလအတွက် အသင့်လျော်ဆုံး ဖြစ်သလို EPC မီးမရရှိသေးတဲ့ ဒေသတွေမှာလည်း အသုံး၀င်လျက်ရှိတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
Offgrid စနစ်မှာက Hybrid နဲ့ Ongrid စနစ်မှာလို EPC နဲ့ ချိတ်ဆက်ထားပြီး အလုပ်လုပ်မှာ မဟုတ်လို့ မီတာခကို လျှော့ချပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစနစ်မှာ Battery ကို EPC ကနေတစ်ဆင့် အားသွင်းလို့ရတဲ့ လုပ်ဆောင်ချက် ပါ၀င်တာကြောင့် Solar output မရှိတဲ့ ညဘက်လိုအခါမျိုးမှာ မီးပျက်သွားရင်လည်း Battery က မိတ်ဆွေအတွက် အဆင်သင့် ဖြစ်နေမှာပါ။
မီးခဏခဏပျက်တဲ့ကာလမှာ မီးစက်သံ ကြားရတာလည်း ငြီးငွေ့လာပြီ။ ဆီစျေးတွေတက်လာတာကိုလည်း သည်းမခံချင်တော့ဘူးဆိုရင်တော့ Offgrid စနစ်ဟာ မိတ်ဆွေအတွက်ပဲ ဖြစ်မှာပါ။
အသေးစိတ်သိရှိလိုတာတွေအတွက် Indigo Energy ရဲ့ ဖုန်းနံပါတ် +95 9 980 609623 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်။