Ongrid Solar System

Solar ကို EPC မီးမရတဲ့နေရာတွေမှာပဲ တပ်ရတာပါလို့ မိတ်ဆွေ တထစ်ချယုံနေတုန်းပဲလား? ဒါဆိုရင်တော့ မိတ်ဆွေနည်းနည်းလေး လွဲနေပါပြီ။

EPC မီးမရတဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ EPC မီးရတဲ့ နေရာမှာပဲဖြစ်ဖြစ် နေရောင်ခြည်‌ကောင်းကောင်း ရတယ်ဆိုတာနဲ့ Solar တပ်ဆင်လို့ရပါတယ်။

ဒါဆိုရင် မီးရနေပြီးသားကို ဘာလို့ ပိုက်ဆံထပ်ကုန်အောင် Solar ထပ်တပ်ရမှာလဲလို့ မိတ်ဆွေဘက်က မေးကောင်းမေးလာနိုင်ပါတယ်။ ဘာလို့လဲဆိုရင် မိတ်ဆွေမသိတဲ့ ကောင်းကွက်တွေ Solar မှာအများကြီးရှိတာမို့ပါ။

မိတ်ဆွေရဲ့ နေအိမ်မှာ On-grid Solar စနစ်တစ်ခု တပ်ဆင်လိုက်မယ်ဆိုပါစို့။

  • မီတာဘေလ် ကုန်ကျစရိတ် သိသိသာသာ‌လျော့ကျသွားမယ်။

  • မိတ်ဆွေရဲ့ အိမ်တန်ဖိုးကို မြင့်တက်စေမယ်။

  • ရာနှုန်းပြည့် renewable energy ကို အသုံးပြုနိုင်တာကြောင့် သန့်ရှင်းတဲ့ မြေကမ္ဘာကို မိတ်ဆွေကစလို့ အုတ်မြစ်ချပေးနိုင်မယ်။

On-grid Solar စနစ်ဟာ Solar နဲ့ အစိုးရ EPC ဓာတ်အားလိုင်းကို တွဲသုံးတဲ့စနစ်တစ်ခုပါ။ Solar ကနေ နေ့အချိန်မှာ ထုတ်လုပ်ပေးတဲ့ လျှပ်စစ်စွမ်းအင်ကို အဓိက ယူသုံးပြီး လိုအပ်မှသာ EPC ဘက်က လျှပ်စစ်ဓာတ်အားကို အသုံးပြုပါတယ်။ ဒီလိုနဲ့ EPC ဘက်က သုံးစွဲတဲ့ လျှပ်စစ်ယူနစ်တွေ အတော်အတန် လျော့သွားပြီးတော့ မီတာဘေလ် ကုန်ကျစရိတ်လည်း လျော့ကျသက်သာသွားပါတယ်‌။ မိတ်ဆွေအိမ်မှာ သုံးစွဲတဲ့ လျှပ်စစ်ပမာဏဟာ Solar ကထုတ်တဲ့ လျှပ်စစ်ပမာဏထက် နည်းမယ်ဆိုရင် မီတာခ မဆောင်ရသလောက်နီးနီးကို သိသိသာသာ လျှော့ချပေးမှာဖြစ်ပါတယ်။

ဒါကြောင့် On-grid Solar စနစ် တပ်ဆင်လိုက်တာနဲ့ မိတ်ဆွေရဲ့ တစ်အိမ်လုံးစာလျှပ်စစ် အတွက် နေ‌ရောင်ခြည်ကနေရရှိတဲ့ အခမဲ့ စွမ်းအင်ကို ရေရှည် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက On-grid Solar စနစ်မှာ Backup အနေနဲ့ Battery မရှိတာကြောင့် EPC လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်ချိန်မှာ‌တော့ Solar စနစ်က အလုပ်လုပ်မှာ မဟုတ်ပါဘူး။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ကိုယ့်ဆီက ပိုလျှံတဲ့ Solar ပါဝါကို National Electricity Grid လို့ခေါ်တဲ့ အစိုးရလျှပ်စစ်ဓါတ်အားလိုင်းကို ပြန်လည်ရောင်းချလို့တောင် ရနိုင်ပါတယ်။ အခုလိုမျိုး မိတ်ဆွေတို့အတွက် ရေရှည်ထိ အကျိုးများတဲ့ On-grid Solar တွေကို အရည်အချင်းပြည့်၀ရုံသာမက အတွေ့အကြုံ‌ရင့်ကျက်တဲ့ Indigo Energy ရဲ့ Solar အင်ဂျင်နီယာတွေက မိတ်ဆွေတို့ရဲ့ အိမ်အရောက် လိုက်လံတပ်ဆင် ပေးနေပါပြီ။ တပ်ဆင်ရာမှာလည်း 25 နှစ် အာမခံ "JA", "Jinko" ဆိုလာပြား၊ 5 နှစ် အာမခံ Inverter တို့သာ အသုံးပြုပြီး တပ်ဆင်မှာမို့လို့ Brand ပိုင်း၊ အရည်အသွေးပိုင်း ကိုလည်း လုံး၀စိတ်ချလို့ရတယ်နော်။ နောက်ထပ်ရှိသေးတာက မိတ်ဆွေအနေနဲ့ ငွေပေးချေမှုကို ငွေသားအလုံးအရင်းနဲ့ တစ်ကြိမ်တည်း ပေးချေစရာမလိုဘဲ စာချုပ်ချုပ်ပြီး ၅၀%၊ Solar တပ်ဆင်မည့် ပစ္စည်းများ ရောက်ရှိပြီး ၃၅%၊ ဆိုလာတပ်ဆင်ပြီးစီးပြီး ၁၅% သုံးခါခွဲပြီး ဆောင်ရွက်နိုင်ပါတယ်။

မိတ်ဆွေအနေနဲ့ အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် Indigo Energy ရဲ့ ဖုန်းနံပါတ် +95 9 980 609623 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ ရပါတယ်။

Previous
Previous

Offgrid Solar System

Next
Next

Understanding the Differences Between Residential and Commercial Solar Permit Plan Sets