Hybrid Solar System

Hybrid Solar စနစ်တစ်ခုတပ်ဆင်ထားရင် မီးပျက်သွားလည်း Backup Battery နဲ့ လျှပ်စစ်မီးဆက်သုံးလို့ ရတယ်ဆိုတာ သိပြီးကြပြီလား?

Hybrid Solar စနစ်မှာ Battery အပိုပါ၀င်တာ‌ကြောင့် Solar ကနေ နေ့အချိန်မှာထုတ်ပေးတဲ့ စွမ်းအင်ကို သုံးနေရင်း တပြိုင်နက်တည်းမှာပဲ Battery ထဲမှာပါ ပိုလျှံတဲ့ လျှပ်စစ်စွမ်းအင်ကို သိုလှောင်ထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မီးပျက်သွားခဲ့ရင်တောင် မိတ်ဆွေတို့ရဲ့ လုပ်ငန်းဆောင်တာတွေအားလုံးကို အဆီးအတားမရှိ ဆက်ပြီး လည်ပတ်နိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် မီးပုံမှန်လာနေတဲ့ အချိန်ကျရင် အသုံးမ၀င်တော့ဘူးပေါ့လို့ ထင်လိုက်မယ်ဆို မှားသွားပါလိမ့်မယ်။ လျှပ်စစ်မီးပုံမှန်လာချိန်မှာ မီတာဘေလ်တွေ လျှော့ချဖို့အတွက် Hybrid Solar ကို သုံးလို့ရပါတယ်။ မီးလာချိန်လည်း သုံးလို့ရမယ်။ မီးပျက်ချိန်လည်း Battery နဲ့ သုံးလို့ရမယ်။ 

Hybrid စနစ်မှာက EPC လျှပ်စစ်မီးအပြင် Solar ရော၊ Battery ပါ သုံးနိုင်တာမို့လို့ အတည်ငြိမ်ဆုံး Solar စနစ်တစ်ခုလို့တောင် သတ်မှတ်ထားကြတာပါ။ ပြီးတော့ Solar စနစ်ဆိုတာ နေစွမ်းအင်ကနေ အခမဲ့ လျှပ်စစ်တွေရတာမျိုးမို့လို့ မီးစက်လို နောက်ပိုင်းမှာ ဆီစားစရိတ်ကြီးမှာမျိုး အတွက်လည်း ပူစရာမလိုတော့ဘူးနော်။

မိတ်ဆွေရဲ့ အိမ်မှာ Solar စတင်တပ်ဆင်ပြီဆိုတာနဲ့ နှစ်ပေါင်းများစွာထိ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် ရေရှည်ထိ စိတ်ချရအောင် (၂၅) နှစ် အာမခံဆိုလာပြား၊ (၅) နှစ်အာမခံ Inverter ၊ (၁၀) နှစ်အာမခံ Battery တို့ကိုပဲ Indigo Energy က အသုံးပြုတပ်ဆင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အရည်အချင်းပြည့်၀ပြီး အတွေ့အကြုံရင့်သန်တဲ့ Solar အင်ဂျင်နီယာတွေက ကိုယ်တိုင်ကိုယ်ကျ အပြီးအစီး လာရောက်တပ်ဆင်ပေးမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုတာတွေအတွက် Indigo Energy ရဲ့ ဖုန်းနံပါတ် +95 9 980 609623 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်။

Previous
Previous

Top 5 Elements of a Comprehensive Solar Permit Planset

Next
Next

Offgrid Solar System